# Useful Google Sheet Functions

Google Sheet ကို ဒေတာဖြည့်တဲ့ sheet တစ်ခုထက်ပိုပြီး အခြား အများကြီးသုံးလို့ရပါတယ်။ Use cases တွေပြောပြရမယ်ဆိုရင် Google Sheet ကို ဒေတာဘေ့စ်တစ်ခုအနေနဲ့ ထားလို့ရတယ်။ Dashboard တစ်ခုအနေနဲ့ ထားပြီး Analytics တွေလုပ်လို့ရနိုင်တယ်။ Information management system တစ်ခုအနေနဲ့လည်း သုံးလို့ရတယ်။  အဲဒီလို လုပ်လို့ရဖို့ အတွက် recipe တွေတော့လိုတာပေါ့။\
ဘယ်လို recipe တွေလဲဆိုတော့ Formula တွေ၊ App script တွေ ၊ add-ons တွေ၊ App script ကတော့ နည်းနည်းပိုအဆင့်မြင့်ပါတယ်။ Formula တွေ addon တွေကတော့ သာမာန် ကျွမ်းကျင်သူတစ်ဦး သုံးလို့ရနိုင်လောက်အောင် အဆင်ပြေပါတယ်။\
အခု အသုံးဝင်တဲ့ Google Sheet formula တွေအကြောင်း ကိ‌ုပြောပြပေးမယ်။<br>

### VLOOKUP

Vlookup function ကတော့ အသုံးအများဆုံးပဲ။ သူက Sheet တစ်ခုက Data ကို အခြားတစ်ခုထဲမှာယူပြချင်ရင်သုံးတယ်။ ဥပမာ ကျွန်တော်က Sheet A မှာ ID နဲ့ Name ဆိုပြီး Column နှစ်ခုရှိတယ်။ Sheet B မှာ ID နံပတ်တွေထည့်ထားတယ်။ ဒါပေမယ့် ဘယ် ID က နာမည် ဘယ်သူလဲသိချင်တယ်။ ဒါဆိုရင် Vlookup formula သုံးနိုင်ပါတယ်။\
သူ့ Formula ကတော့

> \=VLOOKUP(cells to lookup, cells to reference, index of the cells to find, False)

## Small letter and add (-)

စာလုံးအကြီးနဲ့ရေးထားတဲ့ နာမည်တို့ မြို့တို့ကို စာလုံးအသေးဖြစ်ပြောင်းပြီး space တွေနေရာမှာ - တွေပြောင်းလဲချင်တယ်ဆိုရင် ဒီ Formula ကို အလွယ်တကူ သုံးလို့ရပါတယ် ။&#x20;

> \=LOWER(SUBSTITUTE(A2," ","-"))

### **IMPORTRANGE**

Importrange ကလည်း ဒေတာတွေကို sheet တစ်ခုကနေ တစ်ခုကို လည်းခေါ်ပြတာပဲ။ ဒါပေမယ့် Sheet တစ်ခုထဲမှာရှိတဲ့ Workbook တွေအချင်းချင်းမဟုတ်ပဲ။ ဖိုင်နှစ်ခုကွဲနေတာကိ‌ုတောင်မှ ဒေတာ ပို့လို့ရတယ်။ File 1 က‌ ဒေတာကို File 2 ထဲလှမ်းပို့မယ်ဆိုပါဆို့ ။ သုံးရတဲ့ Funtion က

> \=IMPORTRANGE("<https://docs.google.com/spreadsheets/d/abcd123abcd123>", "sheet1!A1:C10")

Importrange ဆိုတဲ့စာရေးပြီးရင် နောက်က <https://docs.google.com> address ကတော့ ကိုယ်ဒေတာလိုချင်တဲ့ sheet ရဲ့လိပ်စာပါ။ နောက်တော့ သူ့ထဲမှာပါတဲ့ ဘယ် sheet က ဘယ် Cell range လဲဆိုတာကိုရွေးပေးရပါတယ်။

### FILTER

Data တွေကို စီစစ်ပြီးပြချင်တဲ့အခါမျိုးတွေမှာအသုံးဝင်တယ်၊ Sheet A မှာ လူနာတွေရဲ့ ID နံပတ်နဲ့ သူတစ်ခေါက် ဆေးခန်းလာတိုင်း စစ်ဆေးတဲ့ အချက်အလက်တွေရှိတယ်ဆိုပါစို့။လူနာတွေကတော့ အများကြီးဖြစ်လိမ့်မယ်။ ID တွေကအများကြီး။ Sheet B မှာ တော့ ID နံပတ်ရိုက်ထည့်လိုက်တာနဲ့ အဲဒီလူနာရဲ့ ဆေးခန်းလာတဲ့အခေါက်တိုင်းမှာ စစ်တဲ့ အချက်အလက်တွေကိုနေ့အလိုက်ကြည့်ချင်တယ်ဆိုရင် Filter function သုံးနိုင်တယ်။

> `=FILTER(range, condition1, [condition2, ...])`

Filter နောက်မှာ range ကတော့ ကိုယ်ကြည့်ချင်တဲ့ Sheet A ရဲ့ Columnတွေကိုသတ်မှတ်ပေးတယ်။ Condition မှာတော့ Sheet B မှာရှိတဲ့ ID ကိုရွေးပေးလိုက်ပေါ့ ။ ဒါဆိုရင် Sheet A ထဲမှာ Sheet B မှာရှိတဲ့ ID နဲ့တူတာတွေ့ရင် ရလဒ်တွေကို ပြပေးလိမ့်မယ်။

### TRANSPOSE

ဒါလေးကတော်တော်အသုံးကျပါတယ်။ ‌Sheet A က ဒေတာက column လိုက်ဖြစ်နေမယ်ပေါ့။ Sheet B ကို ဒေတာရွှေ့တဲ့အခါမှာ Row လိုက်ပြချင်တယ်ဆိုရင် Transpose လုပ်လို့ရတယ်။&#x20;

> `Function ကတော့ =Transpose()`&#x20;

ကွင်းစကွင်းပိတ်ထဲမှာတော့ ကိုယ်သုံးချင်တဲ့အခြားဖော်မျူလာကိုထည့်ရတယ်။ အဲဒီ Formula ကိုမှ ပုံစံပြောင်းပြီး ပြပေးလိမ့်မယ်။အပေါ်မှာပါတဲ့ Filter function ကထွက်လာတာတွေကို ပုံပြောင်းပြရင်အဆင်ပြေတာပေါ့။<br>

### ARRAYFORMULA

ဒီကောင်ကို‌တော့ ကျွန်တော်အကြိုက်ဆုံးပဲ။  သူက Formula တွေကို cell တိုင်းမှာလိုက်ဖြည့်စရာမလိုအောင်လုပ်ပေးတယ်။ ဥပမာ အပေါ်မှာပြတဲ့ ID တစ်ခုတွေ့ရင်နာမည် ပြတဲ့ function ကို Row တိုင်းမှာလိုက် ဖြည့်ရမလိုဖြစ်နေတယ်ဆိုပါစို့။ Row 1 ထဲမှာ ပဲ formula တစ်ခုထည့်ပြီး သူ့အောက်မှာရှိတဲ့ ဟာတွေမှာ အလိုအလျောက် ဆက်ဖြည့်သွားအောင်လုပ်လို့ရတယ်။

> `=ArrayFormula(IF(ROW(A:A)=1,"Patient's Name",IF(ISBLANK(A:A),"",Vlookup(A:A,'patient profile'!A:B,2,FALSE))))`

### GOOGLETRANSLATE

ဘာသာပြန်ပေးတဲ့ function ဆိုတာပြောစရာတောင်မလိုဘူး။ Sheet ရဲ့function ထဲမှာ =Googletranslate() လို့ရိုက်လိုက်တာနဲ့ သူကဘယ်လိုသုံးရမလဲဆိုတာပြောပြလိမ့်မယ်။ တော်တော် မိုက်တယ်။ ကိုယ်ပြန်ချင်တဲ့ cell တေွကို ရေွးပေး ပြီးရင် သူ့နောက်က ဘာlanugauge နဲ့ရေးထားတာလဲဆိုတာရွေးပေးရတယ်။ ပြီးရင်တော့ ကိုယ်ပြန်ချင်တဲ့ language ကိုရွေးပေးရတယ်။

> `=GOOGLETRANSLATE(text, [source_language, target_language])`

### DATEDIF

ဒါကို တော့အချိန်တွေ တွက်တဲ့အခါ မှာတော်တော်အသုံးဝင်နိုင်တယ်။ ဥပမာ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို မွေးနေ့ကနေတစ်ဆင့် သိချင်တယ်ဆိုပါစို့။ လက်ရှိ ရောက်နေတဲ့ ရက်ထဲကနေ မွေးသက္ကရာဇ်ကို နှုတ်မှာပေါ့။​အဲဒီအတွက် အဆင်သင့်လုပ်ထားတဲ့ formula ရှိပါတယ်။

> \=`DATEDIF(start date,TOday(),"Y")`

Start date, End Date ပြီးတော့ နောက်က ယူနစ်လိုက်တယ်​။​ယူနစ်ကတော့ Y","M","D","MD","YM","YD". စတာတေွဖြစ်နိုင်တယ်။ Y က Year, M က Month ၊​D က Day ပေါ့ ၊  ဒါကို အခြားသော အချိန်မျိုးစုံအတွက်လည်းသုံးနိုင်ပါသေးတယ်။<br>

### IMAGES

Google Sheet ထဲမှာ Image တွေလည်းထည့်လို့ရတယ်။ အချို့ကတော့ မကြိုက်ကြဘူး။ Image တွေကအကြီးကြီးတေွ Sheet တစ်ခုလုံးကို ဖုံးသွားတယ်လို့ဆိုကြတယ်။ ဒါပေမယ့် အဲဒီထည့်ထားတဲ့ပုံလေးတွေကို Cell ရဲ့အရွယ်နဲ့ကွက်တိဖြစ်အောင်လုပ်လို့ရပါတယ်။  ဒီမှာဖတ်ကြည့်ပါ။​Formula ကတော့ အောက်ပါအတိုင်း ပဲ ။&#x20;

> `=IMAGE("URL") or =IMAGE("URL", 1)`

Image နောက်က () ထဲမှာ Image ရဲ့ Address ကိုထည့်ပေးပါ။​ သူ့နောက် က 1,2,3,4 ထည့်လို့ရတယ်. တစ်ခုစီစမ်းကြည့်ပြီး ဘယ်လိုပြောင်းလဲသွားလဲကြည့်ကြည့်ပေါ့။

### Auto-increment number

အလိုအလျောက် Google sheet မှာနံပါတ်တွေဖြည့်ဖို့ဆိုရင် ဒီ Formula ကိုသုံးနိုင်ပါတယ်။

​`=ArrayFormula(IF(ROW(B:B)=1,"no ID",IF(ISBLANK(B:B),"",0+row(B2:B)-2)))`<br>

### Import

### Average

### Join TextShe

### Linebreak

Google sheet ထဲမှာ Linebreakတွေကို ဘယ်လိုရှာမလဲ။ ဒါမှမဟုတ် ရှိတဲ့ , တို့ - တို့ကို Line break အဖြစ်ပြောင်းလဲချင်ရင်ဘယ်လိုလုပ်မလဲ။ အဲဒီအတွက် သီးသန့် Function တော့မရှိပါဘူး။ ဒါပေမယ့် လုပ်လို့ရတဲ့နည်းတော့ရှိတယ်။ အဲဒါကတော့ specia character တွေကိုသုံးတာပါ။​လိုင်းဘရိတ်အတွက် Char(10) ကိုသုံးလို့ရပါတယ်။ Function အနေနဲ့ဆိုရင်တော့ အောက်ပါ ဖော်မျုလာကိုသုံးနိုင်ပါတယ်။ သူဆိုလိုတာကတော့ A1 ထဲမှာ ပါတဲ့ , ကို char(10) နဲ့အစားထိုးခိုင်းတာပါ။ ဒါကိုမိမိစိတ်ကြိုက်ပြန်ပြင်ရေးနိုင်ပါတယ်။

&#x20;`=SUBSTITUTE(A1, ",", char(10))`

### Unique

Unique Function ဆိုတာ Google Sheet ထဲမှာပါတဲ့ Function တစ်ခုဖြစ်ပါတယ်။ Duplicate ဖြစ်နေတဲ့ Rowတွေကို ဖယ်ရှားချင်တဲ့အခါသုံးနိုင်ပါတယ်။ ဖော်မျူလာကတော့ `= UNIQUE(ကိုယ်သတ်မှတ်ချင်တဲ့ Range)` ဖြစ်ပါတယ်။ အကြံပြုလိုတာကတော့ UNIQUE ကိုအသုံးပြုချင်ရင် အခြား Sheet တစ်ခုကိုဖွင့်ပြီးတော့မှ အဲဒိထဲမှာသွားသုံးစေချင်ပါတယ်။ Duplicate ဖယ်ရှားသလိုမျိုးလက်ရှိ sheet မှာပဲ တန်း ပြောင်းလဲသွားတာမျိုးမဟုတ်ပါဘူး။&#x20;


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://phandeeyar.gitbook.io/pandatoolbox/primary.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
