Unicode Made Easy
မြန်မာယူနီကုဒ် နဲ့ပတ်သက်ရင် onestop solution အနေနဲ့ သိဖို့ရည်ရွယ်ပါတယ်
Standard Font လို့ပြောတာက တကယ်တော့ ယူနီကုဒ် standad 5.1 ကိုလိုက်နာထားတဲ့ မြန်မာဖောင့် တွေကို ခေါ်ပါတယ်။
သူကတော့ ဇော်ဂျီကော ယူနီကုဒ်ကော ဖတ်ရဖို့ ရေးလို့ရဖို့ အသုံးပြုရတဲ့ဖောင့်ဖြစ်ပါတယ်။ ဇော်ဂျီ 85% မှန်ကန်ပြီး ယူနီကုဒ် ၁၀၀% မှန်ပါတယ်။ နာမည်ကတော့ zawdecode font လို့ခေါ်ပါတယ်။
Adobe Supported Font
Adobe product တွေမှာ standard font တွေက ကောင်းစွာ အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီဇိုင်း အတွက် သီးသန့်အသုံးပြုတဲ့ဖောင့်တွေရှိပါတယ်။Win arthouse font တွေကို အသုံးပြုနိုင်ပါတယ်။ အဲဒီဖောင့်တွေက မြန်မာစာပဲပါပါတယ်။ အခြား ဘာသာစကားတွေမပါရှိပါ။
အမျိုးအစား နှစ်ခုရှိပါတယ်။တစ်ခုကတော့ ထွက်ခဲ့ဖူးသမျှ မြန်မာဖောင့်တွေက နေ တစ်ခုကနေ တစ်ခုကိုပြောင်းတာ ၊ဥပမာ Matrix ,Win Researcher, Myanmar 1 , 2 ,3 Zawgyi , Myazaydi စတာတွေ တစ်ခုကနေ တစ်ခုကိုပြောင်းလို့ရပါတယ်။
နောက်တစ်ခုကတော့ ဇော်ဂျီကနေ ယူနီကုဒ် ကို အပြန်အလှန် ပြောင်းလို့ရပါတယ် ။ အခြားဖောင့်တွေအတွက်မရပါဘူး။
Online Converter
သူ့မှာလည်း ၂မျိုးရှိပါတယ်။ တစ်ခုကတော့ ဇော်ဂျီယူနီကုဒ် သီးသန့်အတွက်ပါ။ တစ်ခုကတော့ အခြားဖောင့်တွေအတွက်ပါ။
Mobile Converter
မိုဘိုင်း ကွန်ဗက်တာတွေမှာတော့ ဇော်ဂျီ ၊ယူနီပဲပြောင်းလို့ရပါတယ်။ အဓိက ထွက်တာတွေကတော့ Rabbit Converter, Parabaik Converter, Paytan Converter စတာတွေရှိပါတယ်။နောက်ထပ် ထွက်လာတဲ့ product တွေကတော့ အပေါ်က ပင်မ converter တွေရဲ့ source ကို မူတည်ပြီး ရေးကြတာများပါတယ်။ အချို့လူသုံးများတဲ့ ဖုန်းကီးဘုဒ်ထဲမှာ တစ်ပါတည်း ပါလာတာမျိုးလည်းရှိပါတယ်။
Browser Converter
ဇော်ဂျီ ကနေ ယူနီကုဒ်ကိုပြောင်းလဲဖော်ပြဖို့အတွက် ပဲသုံးပါတယ်။ browser add-on အနေနဲ့ထည့်သွင်းရပါတယ်။
MUA Web Unicode Converter
Installation methods
Tips and Tricks